Skip to Content
SME Intellect Co., Ltd.
  • Home
  • Solutions
    • Odoo
    • Google Workspace
    • Document
  • ဝန်ဆောင်မှုများ
    • Odoo Help
    • Odoo Implementation
    • Odoo Customization
    • Training & Support
  • Appointment
  • ဖတ်စရာ
  • အလုပ်ခေါ်စာ
  • About Us
  • ဗမာစာ English (US)
  • Sign in
  • Contact Us
SME Intellect Co., Ltd.
      • Home
      • Solutions
        • Odoo
        • Google Workspace
        • Document
      • ဝန်ဆောင်မှုများ
        • Odoo Help
        • Odoo Implementation
        • Odoo Customization
        • Training & Support
      • Appointment
      • ဖတ်စရာ
      • အလုပ်ခေါ်စာ
      • About Us
    • ဗမာစာ English (US)
    • Sign in
    • Contact Us

    Odoo Project Module အကြောင်းလေ့လာလိုက်ပါ!

    Project Management Business တွေအတွက် Odoo Project Module ...
    2025- ဇူလိုင် 11 by
    Odoo Project Module အကြောင်းလေ့လာလိုက်ပါ!
    Wai Phyo Aung


    ​

    📌 Odoo Project Module နဲ့ ပတ်သတ်တဲ့ Core Features တွေက ဘာလဲ? Unique Features တွေက ဘာလဲ? နောက်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် သူ့ရဲ့ Benefits တွေက ဘာတွေ ဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်...!

    🎯 သင့်ရဲ့လုပ်ငန်းက project by project စီမံခန့်ခွဲရတဲ့ လုပ်ငန်းအမျိုးအစားလား? ဒါကို manual တွေသုံးပြီး ခက်ခက်ခဲခဲ‌လုပ်ဆောင်နေရသေးတယ်ဆိုရင်တော့.. Odoo ERP ရဲ့ Project Management Module က သင့်ရဲ့လုပ်ငန်းတစ်ခုလုံး လွယ်ကူမြန်ဆန်စေအောင် ကူညီပေးမှာပါ။ 



    📌Odoo Project Module မှာ ပါတဲ့ Core Features တွေကတော့…

    ✅Project Dashboard (စီမံခန့်ခွဲမှုဆိုင်ရာများကို ကြည့်နိုင်ခြင်း) – Project တစ်ခုချင်းစီအလိုက် Drag & Drop ပြုလုပ်ပြီး သက်ရာဆိုင် project များကို အလွယ်တကူ စီမံခန့်ခွဲနိုင်ပါတယ်။

    ✅Task Management (တာဝန်များ စီမံခန့်ခွဲမှု) – Project တစ်ခုချင်းစီအတွက် Task များဖန်တီးခြင်း Assign ချခြင်းနှင့် Priority level သတ်မှတ်ခြင်းတွေကိုအလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ 

    ✅Time Tracking (အချိန်မှတ်တမ်းတင်ခြင်း) - လုပ်ဆောင်ရမယ့် Task တစ်ခုချင်းစီအတွက် ကုန်ကျတဲ့အချိန်ကို တိတိကျကျ မှတ်တမ်းတင်နိုင်ဖို့ Timesheet Module ဖြင့်ချိတ်ဆက်ထားပါတယ်။

    ✅Visualization View (အချိန်ဇယားမြင်ကွင်း) - Project တစ်ခုချင်းစီရဲ့ workflow, timeline, deadline, milestone, analysis အစရှိသော process တစ်ခုချင်းတိုင်းကို သက်ဆိုင်ရင် view feature တွေမှာ စီမံနိုင်ပါတယ်။

    ✅Reporting (စာရင်းအစီရင်ခံခြင်း) – Analysis report များကို Worksheet, Customer, Employee Performance, အစရှိသဖြင့် လိုသလို dynamic report အသုံးပြုပြီး ကြည့်နိုင်ပါတယ်။

    --------------------------------

    📌 Odoo Project Module မှာ ပါတဲ့ Unique Features တွေကတော့... 

    ✅Integrated with Other Modules (အခြားသော modulesနှင့်ချိတ်ဆက်ထားခြင်း) – Timesheet, Sales, Invoicing, Helpdesk အစရှိသဖြင့် Modulesများစွာနဲ့ ချိတ်ဆက်ထားတဲ့အတွက် အခြားသောလုပ်ငန်းဆောင်တာများအတွက် အချိန်ကုန်သက်သာစေပါတယ်။

    ✅Customer Portal Access (အလွယ်တကူဝင်ရောက် ကြည့်နိုင်ခြင်း) –  Customer များက မိမိတို့၏ Project တိုးတက်မှုအခြေအနေကို အချိန်နှင့်တပြေးညီကြည့်နိုင်ပါတယ်။ 

    ✅Automated Actions (အလိုအလျောက် လုပ်ဆောင်မှုများ) – Taskများ သတ်မှတ်ရက်ကျော်လွန်တဲ့အခါ Email Alertပေးပို့နိုင်ခြင်း နှင့် သတ်မှတ်ရက်မတိုင်မီ သတိပေးချက်ပြပေးနိုင်ခြင်းတွေကို အလိုအလျောက်လုပ်ဆောင်ပေးနိုင်ပါတယ်။

    ✅Workload Planning (အချိန်ဇယားဖြင့်တာဝန်ခွဲဝေမှု) – အလုပ်တာဝန်များကို သက်ဆိုင်ရာအချိန်ဇယားအလိုက် မျှမျှတတတာဝန်ပေးအပ်နိုင်ခြင်းကြောင့် အဖွဲ့လိုက်စွမ်းဆောင်ရည် တိုးတက်စေပါတယ်။

    ✅Smart Integration (စွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်များ) - Project တစ်ခုပေါ်ရှိ Task များ၏ Sales Orders, Invoice, Stock Move, Performance အစရှိသည်တို့ကို တစ်နေရာတည်းမှာကြည့်နိုင်ပါတယ်။

    --------------------------------

    📌 Odoo Project Module က သင့်လုပ်ငန်းအတွက် ဘယ်လိုအကျိုးရှိလဲ... 

    ✅Project Profitability Visibility (စီမံကိန်းအကျိုးအမြတ်မြင်နိုင်ခြင်း) – Project တစ်ခုစီအလိုက်ဝင်ငွေ၊ ထွက်ငွေများကို တိတိကျကျ သုံးသပ်နိုင်သောကြောင့် ရင်းနှီးမြှုပ်နှံမှုမှ ရရှိမည့် အကျိုးအမြတ်ကို ရှင်းလင်းစွာ မြင်နိုင်ပြီး စီးပွားရေးဆုံးဖြတ်ချက်များကို သေချာပြုလုပ်နိုင်ပါတယ်။

    ✅Improved Satisfaction (စိတ်ကျေနပ်မှု မြင့်မားလာခြင်း ) - Projects များကို သတ်မှတ်ချိန်အတွင်း မြန်ဆန်စွာပြီးမြောက်အောင်လုပ်ဆောင်နိုင်သောကြောင့် Customer များ၏ယုံကြည်မှုပိုရရှိပြီး စိတ်ကျေနပ်မှုကို မြင့်တက်လာစေပါတယ်။

    ✅Team Collaboration (အဖွဲ့လိုက်လုပ်ဆောင်နိုင်ခြင်း) – Project တစ်ခုချင်းစီတိုင်းမှာ ပါဝင်သူများက သက်ဆိုင်ရာတာဝန်တွေကို အလွယ်တကူချိတ်ဆက်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်သောကြောင့် မိမိလုပ်ငန်းလည်ပတ်မှုအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

    ✅Project Template Creation (ကြိုတင်သတ်မှတ်နိုင်ခြင်း) – မကြာခဏလုပ်ဆောင်နေရသော project များအတွက် task များကိုထည့်သွင်းပြီး ကြိုတင်၍ project template အဖြစ် ကြိုတင်ဖန်တီးထားနိုင်ခြင်းကြောင့် အချိန်အပိုသုံးစွဲခြင်း လျှော့ချပေးနိုင်ပါတယ်။

    ✅ Cross-project Reporting (Projects များစွာကို စုပေါင်းသုံးသပ်ခြင်း) –Projects များစွာ၏ Overview, Risk စသည်တို့ကို Dashboard ပေါ်တွင်ကြည့်နိုင်သောကြောင့် ပြဿနာများကို အချိန်မှီသိနိုင်ပြီး ဖြေရှင်းနိုင်သည့်အပြင်၊ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း အထောက်အကူဖြစ်စေပါတယ်။

    in Our Blog
    Odoo Project Module အကြောင်းလေ့လာလိုက်ပါ!
    Wai Phyo Aung 2025- ဇူလိုင် 11
    Share this post
    Our blogs
    • Our Blog
    • Odoo User Manual
    ခေါက်သိမ်း
    Follow us

    No.36, 20th Floor, Office Tower 2, Times City,  Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by အိုဒူး - Create a Website by SME Intellect