Skip to Content


What is Adjustment and Procurement Section In Odoo Inventory Operation?

Adjustment Submenu နဲ့ Procurement Submenu

What is Adjustment and Procurement Section In Odoo Inventory Operation?

အရင်အပတ်က ကျွန်​တော်တို့ Odoo Inventory Operation Menu ထဲက Transfer Submenu အ​ကြောင်း Knowledge Sharing လုပ်ခဲ့ပါတယ်။ ဒီ​နေ့မှာ​တော့ Operation Menu ထဲက Adjustment Submenu နဲ့ Procurement Submenu ​တွေအ​ကြောင်းကို Knowledge Sharing လုပ်​ပေးသွားပါမယ်…..


Adjustment Submenu ထဲမှာ​​တော့ 

- Physical Inventory နဲ့ Scrap အ​ကြောင်းကို ရှင်းပြ​ပေးသွားမှာ ဖြစ်ပါတယ်။


Physical Inventory

ကိုယ့်မှာရှိတဲ့ Stock အ​ရေအတွက်ကို Real Time အလိုက် တိကျမှန်ကန်စွာ စစ်​ဆေးနိုင်ပါတယ်။ Items ကွာဟမှုကို လွယ်ကူစွာ ရှာ​ဖွေနိုင်လို့ Adjustment ပြုလုပ်ဖို့ လွယ်ကူပြီး Inventory Management ကို ​ထိ​ရောက်စွာ အ​ထောက်အကူ​ပေးနိုင်ပါတယ်။

Scrap

ပျက်စီးပြီး ​ရောင်းဖို့ မသင့်​တော်တဲ့ Items ​တွေကို Scrap Location သို့ ​ရွှေ့​ပြောင်းနိုင်ပါတယ်။ Waste ​တွေကို ဖယ်ထုတ်​ပေးနိုင်တဲ့အတွက် Inventory record အမှန်ကို သိနိုင်ပြီး မိမိရဲ့ Warehouse​ တွေကို ရှင်းလင်း​စေနိုင်ပါတယ်။


Procurement Submenu ထဲမှာရှင်းပြ​ပေးသွားမှာက​တော့

-Replenishment နဲ့ Run Scheduler ဖြစ်ပါတယ်။


Replenishment

Stock ဖြည့်ဖို့ လိုအပ်​နေတဲ့ Items ​တွေကို Request For Quotation (RFQ) ထုတ်ပေးနိုင်ပြီး မိမိရဲ့ Stock Level ကို Maintenance လုပ်နိုင်ပါတယ်။ Stock Out, Overstocking ဖြစ်ခြင်းများကို ကာကွယ်​​ပေးနိုင်ပြီး Customer Demand ကို အချိန်မီ ဖြည့်ဆည်း​ပေးနိုင်ဖို့ အ​ထောက်အပံ့​ပေးပါတယ်။

Run Scheduler

Items Reordering လုပ်တာ​တွေကို ကြိုတင် သတ်မှတ်ထားတဲ့ Rules ​တွေ​ပေါ်မှာ အ​ခြေခံပြီး Automatic လုပ်​ဆောင်​ပေးနိုင်ပါတယ်။ ဒါ​ကြောင့် အချိန်ကုန်သက်သာပြီး ပိုမိုတိကျ​စေပါတယ်။


အခုက​တော့ Inventory Operation ရဲ့ Adjustment နဲ့ Procurement Section​ တွေမှာပါတဲ့ features ​တွေ​ကြောင်းကို Sharing လုပ်​ပေးသွားတာဖြစ်ပါတယ်။ နောက်အပတ်မှာလည်း Inventory Product Menu အ​ကြောင်းကို ​ပြော​ပြ​ပေးသွားမှာ ဖြစ်လို့​ ​စောင့်ကြည့်ဖို့ မ​မေ့နဲ့​နော်…… အားလုံးပဲ ​နောက် Sections ​လေး​တွေမှာ ပြန်​တွေ့ကြရ​အောင်…..


ပံ့ပိုးတိုးတက် သင့်လုပ်ငန်းအတွက်

 Aung Yell Kyaw


Share this post
Archive


Inventory Operations - Transfers Submenu
What is Receipts, Deliveries, Internal Transfers, Batch Transfers, Wave Transfers​?