Odoo Inventory Module ဆိုတာ ဘာလဲ? ဒီ Module က ဘာတွေလုပ်ပေးနိုင်လဲ၊ သူ့ရဲ့ အကျိုးကျေးဇူးကကော ဘာတွေဖြစ်မလဲဆိုတာ Knowledge Sharing လုပ်ပေးချင်ပါတယ်...
Odoo Inventory က ကုန်ပစ္စည်းစီးဆင်းမှုနဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှု လုပ်ငန်းစဥ်အားလုံးကို တစ်နေရာထဲမှာ Manage လုပ်လို့ရတဲ့ Module တစ်ခုဖြစ်ပြီး လုပ်ငန်းရဲ့ ကုန်ပစ္စည်းလည်ပတ်မှုတွေကို အမှားအယွင်းမရှိ လုပ်ဆောင်နိုင်အောင် အသုံးပြုလို့ ရတဲ့ Module တစ်ခုဖြစ်ပါတယ်။
ဒါဆိုရင် Inventory Module က ဘာတွေလုပ်ပေးနိုင်လဲ?
⭐️ကုန်ပစ္စည်းတွေရဲ့ Stock levelကို စောင့်ကြည့်ထိန်းညှိပေးနိုင်တယ်
⭐️Inventory Purchaseတွေကို Reorder လုပ်ပေးနိုင်တယ်
⭐️Warehouse များစွာကို Location တစ်ခုချင်းစီအလိုက် Manage လုပ်ပေးနိုင်တယ်..
⭐️Product Movement တိုင်းကို Detail Analysis လုပ်နိုင်တယ်..
⭐️အခြားသော Odoo Module များနဲ့ Auto Integrate လုပ်ထားတဲ့အတွက်ကြောင့် ချိတ်ဆက်လွယ်ကူစွာ အသုံးပြုနိုင်တယ်.. စတဲ့လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
အကျိုးကျေးဇူးကတော့ Inventory Process တိုင်းကို တိကျ မှန်ကန် လွယ်ကူစွာ စီမံခန့်ခွဲနိုင်ဖို့ ကူညီပေးပြီး
⭐️Shortages နဲ့ Overstockမဖြစ်အောင်
⭐️ Manual Error ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းအောင်
⭐️Automatic စနစ်ကြောင့် အမှားအယွင်းလုံးဝမရှိတော့အောင်
⭐️အချိန်နဲ့ကုန်ကျစရိတ်လျော့ချပေးပြီးCustomer Satisfactions ရရှိသွားအောင် စတဲ့အကျိုးကျေးဇူးများစွာပေးနိုင်ပါတယ်။
နောက်ရက်တွေမှာ Odoo Inventory Module မှာ ပါဝင်တဲ့ Inventory Operation Features ထဲက Transfer Section အကြောင်းတွေ .. နောက်ပြီး Adjustment Section နဲ့ Procurement Section တွေရဲ့ အလုပ်လုပ်ပုံတွေ ၊ အသုံးဝင်ပုံတွေကို အပိုင်းလိုက်ဆက်တင်ပေးပါမယ်… ဒါဆိုရင် အားလုံးပဲ နောက် Section လေးတွေမှာ ပြန်တွေ့ကြရအောင်…
Aung Yell Kyaw
Odoo Inventory Module ဆိုတာ ဘာလဲ?