Skip to Content
SME Intellect Co., Ltd.
  • Home
  • Solutions
    • Odoo
    • Google Workspace
    • Document
  • Services
    • Odoo Help
    • Odoo Implementation
    • Odoo Customization
    • Training & Support
  • Appointment
  • Blog
  • Jobs
  • About Us
  • ဗမာစာ English (US)
  • Sign in
  • Contact Us
SME Intellect Co., Ltd.
      • Home
      • Solutions
        • Odoo
        • Google Workspace
        • Document
      • Services
        • Odoo Help
        • Odoo Implementation
        • Odoo Customization
        • Training & Support
      • Appointment
      • Blog
      • Jobs
      • About Us
    • ဗမာစာ English (US)
    • Sign in
    • Contact Us

    Odoo Service Solutions In Myanmar!

    Transform your business with Odoo ERP System...
    September 6, 2024 by
    Odoo Service Solutions In Myanmar!
    Sarep Dee Sar Aung


    ​

    လုပ်ငန်းမှာ Odoo ERP Software ကို အသုံးပြုလိုတဲ့ လုပ်ငန်းရှင်များအတွက် အချိန်တိုအတွင်း Systemကို စနစ်တကျ နဲ့ လွယ်ကူချောမွေ့ ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့အတွက်

    → Odoo Consulting

    → Odoo Implementation

    → Odoo Customization

    → Odoo Training 

    → Odoo Support စသည့်

    Odoo ERP Software နှင့်ပတ်သတ်ပြီး One Stop Service Solution များကို smei မှ ဝန်ဆောင်မှုပေးနေပါတယ်။

    ◥ Odoo Consultation Service

    ခေတ်နဲ့အညီ သင့်လုပ်ငန်းတိုးတက်နိုင်ဖို့အတွက် လုပ်ငန်းနဲ့ ကိုက်ညီပြီး လုပ်ငန်းစဥ်တွေကို စနစ်တကျ တိုးတက်လည်ပတ်စေနိုင်တဲ့ စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှု ဆော့ဖ်ဝဲလ် Odoo ERP System အကြောင်းကို smeiမှ လုပ်ငန်းရှင်များအတွက် အခမဲ့ ဆွေးနွေးအကြံပေးခြင်းများ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    • Odoo ERP System နဲ့ ပတ်သတ်ပြီး အခမဲ့ဆွေးနွေးအကြံပေးခြင်းကို ရယူလိုတဲ့ လုပ်ငန်းရှင်များအတွက်

    → Odoo ERP အကြောင်း နားလည်သဘောပေါက်အောင် ရှင်းပြပေးခြင်း၊

    → Odoo ERP ကို စတင်အသုံးပြုလိုသည့် လုပ်ငန်းရှင်တွေအတွက် Odoo ERP ရဲ့ အကျိုးများကို ဆွေးနွေးအကြံပေးခြင်း၊

    → Odoo ERP မှာ ပါဝင်တဲ့ APP တွေ Features တွေက လုပ်ငန်းအတွက် ဘယ်လိုအသုံးဝင်ပြီး၊ ဘယ်လိုချိတ်ဆက်အသုံးပြုလို့ ရနိုင်မလဲဆိုတာများကို ရှင်းပြပေးခြင်း၊

    → Odoo ERP အသုံးပြုရာမှာ ဆောင်ရန်ရှောင်ရန် များနှင့် အသေးစား၊အလတ်စားလုပ်ငန်းများအတွက် ကုန်ကျစရိတ် မည်မျှရှိသည်ဆိုတာများကို smei မှ တွက်ချက်ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

    ◥ Odoo Implementation Service 

    ERP Software အသုံးပြုခြင်းက Software ဝယ်သုံးလိုက်ရုံနဲ့ ရိုးရှင်းလွယ်ကူစေတာတော့ မဟုတ်ပါဘူး။ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းပုံစံတွေကို Software နှင့် ကိုက်ညီစွာ အသုံးပြုနိုင်အောင် အကောင်အထည်ဖော်ခြင်း (Implementation) ပြုလုပ်ဖို့ လိုအပ်ပါတယ်။

    • Implementation Service ပြုလုပ်နိုင်ဖို့ ဘာတွေလိုအပ်မလဲ?

    → လုပ်ငန်းအကြောင်း နားလည်အောင် အသေးစိတ် လေ့လာဖို့ လိုအပ်ပြီး လုပ်ငန်းစဥ်အဆင့်ဆင့်ကို Odoo ဖြင့် မှတ်တမ်းတင်ကာ ချိတ်ဆက် အသုံးပြုနိုင်ဖို့ ပြင်ဆင်ရပါတယ်…

    → Software အသုံးပြုမယ့် အရေးကြီးသည့် Users များ ( ဥပမာ Software နှင့် လုပ်ငန်းစဥ်များ အဆုံးအဖြတ်ပေးနိုင်သူအား ) ပထမဆုံး သင်တန်းပေးဖို့ လိုအပ်ပါတယ်…

    → လက်ရှိ စာရင်းဇယားများထဲမှ မဖြစ်မနေ လိုအပ်တဲ့ Data အချက်အလတ်များကို Odoo Database ထဲသို့ ထည့်သွင်းခြင်းများ ဆောင်ရွက်ရပါတယ်…

    → နောက်ပြီး Software မှာ မဖြစ်မနေ ပြင်ဆင်ရမည့် အချက်တွေကို ပြင်ဆင်ပေးခြင်း (Customization) ပြုလုပ်ရပါတယ်…

    → တခြား Softwareနှင့် ချိတ်ဆက်ဖို့ လိုအပ်ရင်လည်း ချိတ်ဆက်ပေးရပါတယ် (Integration)...

    → App အသစ်များ ဖန်တီးရန် လိုအပ်ပါကလည်း ဖန်တီးပေးရပါတယ်၊ (Development) Software အသုံးပြုရာတွင် အခက်အခဲများ ၊ အမှားအယွင်းများ ပြုလုပ်မိပါက ပြင်ဆင်ပေးခြင်း စတဲ့ Process တွေကို အဆင့်ဆင့် ပြုလုပ်ရပါတယ်။

    smei က နယ်ပယ်အစုံက လုပ်ငန်းပေါင်းများစွာကို Implementation Service ပြုလုပ်ပေးနေတဲ့ အတွေ့အကြုံရှိ ကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်.. ဒါကြောင့်မို့ သင့်လုပ်ငန်းမှာ Odoo ERP Software အတွက် Odoo Implementation Service လိုအပ်မှုတွေရှိလာပါက အလျှင်အမြန် အကူအညီဖြစ်စေဖို့ smei ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။



    ◥ Odoo Customization Service  

    Odoo လုပ်ဆောင်ချက်တွေက လုပ်ငန်းလိုအပ်ချက်နဲ့ မကိုက်ညီရင်လည်း လုပ်ငန်းပေါ်မူတည်ပြီး Software ကို စိတ်ကြိုက် ပြုပြင်ပြောင်းလဲမှုတွေ( Customization) ပြုလုပ်နိုင်ပါတယ်။ Software Customization ပြုလုပ်တဲ့အခါမှာ တကယ်ကို လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိပြီး အသုံးပြုရ လွယ်ကူချောမွေ့စေဖို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ စနစ်တကျ ဆောင်ရွက်ဖို့တော့ လိုအပ်ပါတယ်။

    Customizationကို မဖြစ်မနေ လုပ်ငန်းလိုအပ်ချက်အရ ပြင်ဆင်ဖို့ လိုအပ်တဲ့ အခါမှသာ Customization ပြုလုပ်သင့်ပါတယ်။ ဒါမှလည်း ကုန်ကျစရိတ် များပြားခြင်းတွေ၊ Software မတည်ငြိမ်မှုတွေကို ရှောင်ရှားစေနိုင်သလို လုပ်ငန်းလိုအပ်ချက်ပေါ်မှုတည်ပြီး Softwareကို Customization မပြုလုပ်ရင်လည်း ကိုယ့်လုပ်ငန်းအတွက် လိုအပ်ချက်တွေ များစွာ ဖြစ်ပေါ်စေပြီး လုပ်ငန်းအတွက် အခက်အခဲရှိစေပါတယ်။

    smei က Odoo version 12 မှ စတင်ကာ လုပ်ငန်း လိုအပ်ချက်နှင့်ကိုက်ညီအောင် (Customization)ပြင်ဆင်ရေးဆွဲခြင်းကို ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာလည်း လုပ်ငန်းရှင်တွေအတွက် ထိရောက်တဲ့ Customization Serviceကို ဝန်ဆောင်မှုပေးနေပါတယ်။

    ◥ Odoo Training 

    Odoo ERP Software ကို လုပ်ငန်းမှာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလည်ပတ်နိုင်ဖို့အတွက် smei မှ ကျွမ်းကျင်တဲ့ Odoo Expert တွေက Odoo Training ပေးသွားမှာဖြစ်ပါတယ်။



    ◥ Odoo Support Service

    လုပ်ငန်းရှင်အနေနဲ့ Odoo ERP Software ကို အသုံးပြုပြီး လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲနေပါက ဖြစ်ပေါ်လာသည့် နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းခြင်း၊ Software ကို ထိရောက်စွာ အသုံးပြုနည်း၊ အကြံဉာဏ်နှင့် လမ်းညွှန်ချက်ပေးခြင်းတွေ Technical issues တွေကို smei ရဲ့ Odoo Support Service က ဖြေရှင်းပေးပြီး လုပ်ငန်းဆောင်တာတွေကို စနစ်တကျ နဲ့ ချောမွေ့စွာ လည်ပတ်နိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။

    ပိုမိုကောင်းမွန်တဲ့ Software လည်ပတ်မှု ဖြစ်လာဖို့ Software Support Serviceက အသုံးပြုသူတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ လုပ်ငန်းရှင်အနေဖြင့် Odoo ERP Software ကို အကောင်းဆုံး အသုံးချနိုင်ဖို့ smei မှ Odoo Support Service ကို အကောင်းဆုံး ပံ့ပိုး ဝန်ဆောင်မှုပေးနေပါတယ်။ 

    ပံ့ပိုးတိုးတက် သင့်လုပ်ငန်းအတွက် smei




    in Our Blog
    Odoo Service Solutions In Myanmar!
    Sarep Dee Sar Aung September 6, 2024
    Share this post
    Our blogs
    • Our Blog
    • Odoo User Manual
    Archive
    Follow us

    No.36, 20th Floor, Office Tower 2, Times City,  Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by Odoo - Create a Website by SME Intellect