Skip to Content
SME Intellect Co., Ltd.
  • Home
  • Solutions
    • Odoo
    • Google Workspace
    • Document
  • Services
    • Odoo Help
    • Odoo Implementation
    • Odoo Customization
    • Training & Support
  • Appointment
  • Blog
  • Jobs
  • About Us
  • ဗမာစာ English (US)
  • Sign in
  • Contact Us
SME Intellect Co., Ltd.
      • Home
      • Solutions
        • Odoo
        • Google Workspace
        • Document
      • Services
        • Odoo Help
        • Odoo Implementation
        • Odoo Customization
        • Training & Support
      • Appointment
      • Blog
      • Jobs
      • About Us
    • ဗမာစာ English (US)
    • Sign in
    • Contact Us

    What is Odoo Purchase Module?

    July 15, 2024 by
    What is Odoo Purchase Module?
    Sarep Dee Sar Aung


    ​

    Inventory Module အ​ကြောင်း ကို အရင်အပတ်​တွေက Knowledge Sharing လုပ်ခဲ့ပါတယ်။ အခု​နောက်ပိုင်း Knowledge Sharing Section​ လေး​တွေမှာ​တော့သူနဲ့ဆက်စပ်​နေတဲ့ Module​ လေး​တွေအ​ကြောင်းကိုဆက်လက်ပြီး Sharing လု​ပ်​ပေးသွားမှာဖြစ်ပါတယ်။

    Inventory နဲ့ဆက်စပ်အသုံးပြူရတဲ့ Module​s တွေက​တော့ Purchase,Sales,POSနဲ့Accounting​ တွေပဲဖြစ်ပါတယ်။ဒီ Modules​ တွေက​တော့ Business လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Modules​ တွေဖြစ်ပါတယ်။

    အခုအပတ် Sharing လုပ်​ပေးမှာက​တော့ Essential Module တစ်ခုဖြစ်တဲ့ Purchase Module အ​ကြောင်းပဲဖြစ်ပါတယ်။


    ကဲ…..ဒါဆိုစလိုက်ကြရ​အောင်ဗျ…..

    Purchase Module ဆိုတာက Company ရဲ့  အဝယ်ပိုင်းဆိုင်ရာ Operation လုပ်ငန်းတွေမှာ အသုံးပြုတဲ့ Module တစ်ခုဖြစ်ပါတယ်။

    ဒါဆို သူ့ရဲ့ Menu​ တွေမှာ ပါဝင်တဲ့ Submenu​ တွေရဲ့လုပ်​ဆောင်ချက်​တွေအလိုက်ဆက်ရှင်းပြ​ပေးသွားပါမယ်။

    Purchase Module မှာ​ပါဝင်တဲ့ Menu​ တွေတော့

    - Orders

    - Products

    - Reporting

    - Configuration​ တွေ ဖြစ်ပါတယ်ဗျ။


    Orders Menu

    Orders Menu က​​တော့ Purchase Orders လုပ်​ဆောင်တဲ့အဓိကအပိုင်းဖြစ်ပါတယ်။ Orders မှာ ပါဝင်တဲ့ Submenu​ တွေက​တော့

    -Requests for Quotation

    -Purchase Orders

    -Vendors ​တွေဖြစ်ပါတယ်။

    Requests for Quotation(RFQ)

    Suppliers​ တွေဆီမှ Products/Services​ တွေကို Purchasing လုပ်ဖို့ Quotation ဖွင့်တဲ့​နေရာဖြစ်ပါတယ်။ RFQ အဆင့်မှာပဲ ထားချင်ရင် ကိုယ်လိုအပ်တာ​တွေ ဖြည့်ပြီး Draft အ​နေနဲ့ ထားလို့ရပါတယ်။

    Purchase Orders

    ခုန RFQ ကို Confirm လုပ်လိုက်​ရင်​တော့ Purchase Order အဆင့်ကို​​ ရောက်သွားပါတယ်။ ဒီအဆင့်မှာ​​တော့ ပစ္စည်းလက်ခံတာနဲ့ ​ငွေ​ချေ​တာ​တွေ လုပ်လို့ရပါပြီ။

    Vendors

    Vendors မှာ​တော့ ကိုယ်ပစ္စည်းမှာယူမယ့် Suppliers နာမည်(ဒါမှမဟုတ်) Company နာမည်​တွေကို Detail အချက်အလက်​တွေနဲ့တကွ Create လုပ်ထားလို့ ရပါတယ်။ Vendor တစ်ဦးချင်းစီအလိုက် Pricelists​ တွေ​ငွေ​ပေး​ချေရမယ့် Payable acc​ တွေကိုတခါတည်းချိတ်ထားနိုင်တဲ့အတွက် Vendorနဲ့ ကိုယ့်အကြား Relationship​ ကောင်းစွာထိန်းသိမ်းနိုင်မှာဖြစ်ပြီး Vendor အလိုက် Purchasing Activities​ တွေကို Tracking လုပ်နိုင်မှာဖြစ်ပါတယ်။


    Products Menu

    Products မှာ​တော့ကိုယ့် Inventory ထဲကို Purchase လုပ်လို့ရမယ့် Product​ တွေကို​​တွေ့ရမှာဖြစ်ပါတယ်။ Purchase လုပ်​စေချင်တဲ့ Products​ တွေကို Inventory ဘက်က Can be Purchased​​ လေး On ထား​ပေးဖို့လိုပါတယ်။ (ဘာလို့ဆို Business flow​ တွေမှာ Kit Products​ တွေကို Purchase လုပ်လို့မရပါဘူး၊သူ့မှာပါဝင်တဲ့ Components​​​​ တွေကိုပဲ Purchase လုပ်လို့ရလို့ပါ။)

    Reporting Menu

    Reporting မှာ​တော့ Purchase Analysis ကို Pivot view နဲ့ရှင်းလင်းစွာကြည့်လို့ရပြီး Purchasing Activities​ တွေကိုအ​ကောင်ဆုံး Manage လုပ်နိုင်ဖို့ ကူညီ​ပေးပါတယ်။ Purchase Report ကို Product အလိုက်ဖြစ်စေ Vendor  အလိုက်ဖြစ်စေ Product Category အလိုက်ဖြစ်စေ ကြည့်ရှုလို့ ရနိုင်ပါတယ်။

    Configuration Menu

    Configuration Menuက​တော့ Purchase Module ကိုကိုယ့်ရဲ့ Business နဲ့ကိုက်ညီ​အောင်စိတ်ကြိုက် Configure & Adjustment လုပ်လို့ရတဲ့​နေရာဖြစ်ပါတယ်။ပါဝင်တဲ့ Submenu​ တွေက​တော့

    -Setting

    -Vendor Price Lists

    -Product Categoriesနဲ့

    -Units of Measure Categories​ တွေဖြစ်ပါတယ်။

    Setting

    Settings ကတော့ ကိုယ့် Business လိုအပ်ချက်အရ လိုအပ်တဲ့ Features တွေကို Setting ချလို့ရတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။

    Vendor PriceLists

    Vendor Pricelists က​တော့ Vendor တစ်ဦးချင်းအလိုက်သူ​Discount​ပေးမယ့် %​ တွေ, Products​ တွေနဲ့ Start Date, End Date ​တွေထည့်ပြီး Pricelists Create လုပ်လို့ရတဲ့​နေရာဖြစ်ပါတယ်။ Vendors တစ်ဦးချင်းအလိုက်​စျေး​​လျော့​ပေးတာ(ဒါမှမဟုတ်) Discount Pricelists​ တွေကိုတိကျစွာ Manage လုပ်နိုင်မှာဖြစ်ပါတယ်။

    Product Categories

    Products Creation လုပ်တဲ့နေရာမှာ အမျိုးအစားတူတဲ့  Products​ တွေကို (ဒါမှမဟုတ်)လုပ်ငန်းလိုအပ်ချက်အရ Categories​ တွေခွဲထည့်လို့ရတဲ့နေရာ ဖြစ်ပါတယ်။ Category တစ်ခုချင်းစီမှာ Inventory Valuation နဲ့ Costing Method​ တွေသတ်မှတ်ပြီး Create လုပ်ရတာဖြစ်လို့ကိုယ်​ရွေးချယ်ထားတဲ့ Product Category အလိုက်စနစ်တကျ Purchasing Management လုပ်နိုင်မှာဖြစ်ပါတယ်။

    Units of Measure Categories(UOM)

    UOM Categories က​​တော့ Products​ တွေကို Pieces, Kilograms, Liters စ တဲ့ Units ​တွေအလိုက်ခွဲခြားသတ်မှတ်​ပေးတာဖြစ်ပြီး Product တစ်ခုချင်းစီအတွက် Unit အမျိုးအစားများစွာသတ်မှတ်ချိတ်ဆက်​ပေးနိုင်ပါတယ်။ဒါ​ကြောင့် Purchasing လုပ်တဲ့အခါမှာ ကိုယ်ဝယ်ချင်တဲ့ UOM ကို ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

    အခုက​တော့ Purchase Module ရဲ့ Menu အားလုံးမှာပါဝင်တဲ့လုပ်​ဆောင်ချက်​တွေကို Sharing လုပ်​ပေးသွားခဲ့တာဖြစ်ပါတယ်…..

    ​နောက်အပတ်မှာလည်း Sales Moduleရဲ့ အ​​ကြောင်းကို Sharing လုပ်​ပေးသွားမှာဖြစ်လို့​စောင့်ကြည့်ဖို့မ​မေ့နဲ့​နော်…..

    အားလုံးပဲ​နောက် Sections​ လေး​တွေမှာပြန်​တွေ့ကြရ​အောင်……..

    Aung Yell Kyaw



    in Our Blog
    What is Odoo Purchase Module?
    Sarep Dee Sar Aung July 15, 2024
    Share this post
    Our blogs
    • Our Blog
    • Odoo User Manual
    Archive
    Follow us

    No.36, 20th Floor, Office Tower 2, Times City,  Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by Odoo - Create a Website by SME Intellect