What is the Products Menu in Odoo Inventory?
ဒီနေ့မှာတော့ Inventory Products Menu အကြောင်းကို Knowledge Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
Products Menu
Products Menu ကတော့ Product တွေ စီမံခန့်ခွဲဖို့ အထူးသင့်တော်ပြီး Products အချက်အလက်တွေ စတင်ထည့်သွင်းတာကနေစလို့ တခြား Module မျိုးစုံနဲ့ ချိတ်ဆက်တာအထိ လုပ်ဆောင်နိုင်ပါတယ်။ အဓိကအနေနဲ့ကတော့ Products တွေကို အမျိုးအစား ၊အရောင်စသဖြင့် Detail ကျကျ စီမံခန့်ခွဲပေးနိုင်ပြီး Vendor နှင့် Customer နှစ်ဦးနှစ်ဖက် အဆင်ပြေစေပါတယ်။
Products Menu မှာ ရှင်းပြပေးသွားမှာတွေကတော့
-Products, Product Variants and LOT/Serial numbersတွေပဲဖြစ်ပါတယ်။
Products
Products မှာတော့ ကိုယ့်မှာရှိတဲ့ Products တွေကို Category အလိုက် ခွဲကြည့်နိုင်ပါတယ်။ Products အသစ် Create လုပ်တာတွေ ၊ Adjustment, Replenishment လုပ်တာတွေ၊တခြား Module တွေနဲ့ ချိတ်ဆက်တာတွေစတဲ့ အဓိကကျတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။
Product Variants
Products တွေရဲ့ Size, Color, Taste, Gender စတဲ့ Detail ကွဲပြားမှုတွေကို ထည့်သွင်းနိုင်ပြီး ကိုယ့် Product တွေနဲ့ ချိတ်ဆက်နိုင်တဲ့အတွက် မိမိလိုအပ်တဲ့ပစ္စည်းကို တိတိကျကျရှာဖွေဖို့ အရမ်းကိုလွယ်ကူစေပါတယ်။
Lots/Serial Numbers
Products တွေကို Lots (or) Serial Numbers တွေနဲ့ စနစ်တကျ မှတ်သားထားနိုင်ပါတယ်။ Products Expire Date တွေကို Lot/Serial Numbers တွေနဲ့ တစ်ခါတည်း setup လုပ်နိုင်တဲ့အတွက် FEFO(First Expired, First Out)လိုမျိုး Efficient Removal Strategy ကို အထောက်အပံ့ပေးနိုင်ပြီး အလေအလွင့် သက်သာစေပါတယ်။ ကုန်ပစ္စည်းတစ်ခုချင်းစီတိုင်းအတွက် Serial Numbers ကို သုံးပြီး အမျိုးအစားတူ ကုန်ပစ္စည်းအုပ်စုအတွက် Lots Numbers ကို သုံးပါတယ်။
အခုကတော့Inventory Products Menu မှာ ပါဝင်တဲ့ features တွေကြောင်းကို Sharing လုပ်ပေးသွားတာ ဖြစ်ပါတယ်။
နောက်အပတ်မှာလည်း Inventory Configuration Menu ကို Sub Menu လေးတွေ အလိုက်ခွဲပြီး တင်ပေးသွားမှာ ဖြစ်လို့စောင့်ကြည့်ဖို့မမေ့နဲ့နော်။ အားလုံးပဲနောက်Knowledge Sharingလေးတွေမှာပြန်တွေ့ကြရအောင်……
Aung Yell Kyaw
What is the Products Menu in Odoo Inventory?