Inventory Reporting Menu
Reporting ကို အကျဥ်းချုပ် ပြောရရင် ကိုယ့်ရဲ့ Inventory နဲ့ဆိုင်တဲ့ လုပ်ဆောင်ချက် အမျိုးမျိုးကို ကြည့်လို့ရတဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် Stock Adjust ပြုလုပ်ဖို့ လိုအပ်ရင်လဲ Report ကနေတဆင့် အလွယ်တကူ ပြုလုပ်နိုင်တဲ့အတွက် Inventory မှာ Tracking လုပ်ဖို့နဲ့ Manage လုပ်ဖို့အတွက် အရေးပါတဲ့ Menu အဖြစ် သတ်မှတ်လို့ရပါတယ်။
Inventory Reporting Menu မှာ
-Stock
-Locations
-Move History
-Move Analysis
-Valuation
-Inventory Aging
-Performance ဆိုတဲ့ Features 7ခု ပါဝင်ပါတယ်။
Stock
Inventory Module ရဲ့ အဓိက အကျဆုံးဖြစ်တဲ့ Stock တွေနဲ့ Details တွေကို Real Time အလိုက် ကြည့်နိုင်ပြီး Stock Maintenance လုပ်ဖို့ အတွက် အထောက်အကူပြုပါတယ်။
Location
Warehouse ထဲမှာရှိတဲ့ Location တွေအလိုက် Stock တွေကို ပြသပေးပါတယ်။ ဒီအချက်က Orders တွေကို အနီးဆုံး Location မှ ပို့ပေးနိုင်မှာ ဖြစ်ပြီး Time & Cost Save ဖြစ်စေပါတယ်။
Move History
Move History မှာတော့ Stock တွေ ဘယ်နေရာကနေ ဘယ်နေရာကို ဘယ်လောက်ပမာဏရွှေ့တယ် ဆိုတဲ့ Transition Records တွေကို Date တွေနဲ့တကွ Detail ကြည့်လို့ ရပါတယ်။ ဒါကြောင့် အမှားတွေရှိရင် ပြန်ပြင်ဖို့ ဒီနေရာမှာ Tracking လုပ်နိုင်ပါတယ်။
Move Analysis
Move Analysis မှာတော့ Transition Records တွေကို Pivot View နဲ့ ကိုယ်ကြိုက်သလို တွဲကြည့်နိုင်ပြီး လိုအပ်တဲ့ Excel File တွေကိုပါ အလွယ်တကူ ထုတ်ကြည့်လို့ရပါတယ်။Transition အများကြီး ကို တခါတည်း ခြုံငုံကြည့်နိုင်တဲ့အတွက် Tracking လိုက်ဖို့ လွယ်ကူပြီး Decision Making တွေ လုပ်ဖို့ ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။
Valuation
Valuation မှာတော့ ကိုယ် Sales or Purchase လုပ်ခဲ့တဲ့ Stock Quantity တွေနဲ့ သူတို့ရဲ့ Total Value တွေကို ကြည့်နိုင်ပါတယ်။ ကိုယ် Stock တွေကို ဘယ်လောက်ထပ်ဖြည့်ထားလဲ,ဘယ်လောက်ရောင်းထားလဲဆိုတာကို Total Stock Value နဲ့ တွဲကြည့်နိုင်တဲ့ နေရာဖြစ်ပြီး Financial ပိုင်း Tracking လုပ်ဖို့အတွက် အထောက်အကူ ပေးပါတယ်။
Inventory Aging
Inventory Aging မှာတော့ Stock တွေကို စရောက်တဲ့ နေ့အလိုက် မှတ်ထားပေးပြီး နေ့တွေအလိုက် လက်ကျန် Quantity တွေကို ကြည့်နိုင်ပါတယ်။ ဒါကြောင့် ရောင်းအားမကောင်းတဲ့ Product (ဒါမှမဟုတ်) Date ကုန်ခါနီး Product တွေကို သိနိုင်ပြီး Discount or Promotion လုပ်နိုင်မှာ ဖြစ်ပါတယ်။ အလေအလွင့် လျော့နည်းစေမှာ ဖြစ်ပါတယ်။
Performance
Performance မှာတော့ ကိုယ့် Inventory ရဲ့ လုပ်ဆောင်ချက်တွေကို Overall ခြုံငုံကြည့်နိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့် Business စီမံခန့်ခွဲမှု ထိရောက်မှုရှိ/မရှိကို Tracking လုပ်နိုင်မှာ ဖြစ်ပါတယ်။
အခု Sharing လုပ်ပေးသွားတာကတော့ Inventory Reporting Menu မှာ ပါဝင်တဲ့ Features တွေ အကြောင်း ဖြစ်ပါတယ် ဗျ…. နောက်အပတ်တွေမှာလည်း Inventory Configuration Menu ကို Submenu လေးတွေအလိုက်ခွဲပြီး Sharing လုပ်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်ဖို့မမေ့နဲ့နော်…..
အားလုံးပဲ နောက် Knowledge Sharing Section လေးတွေမှာ ပြန်တွေ့ကြရအောင်...
Aung Yell Kyaw
What is the inventory reporting menu?