Skip to Content

What is the inventory reporting menu?

Stock -Locations, Move History, Move Analysis, Valuation, Inventory Aging, Performance ဆိုတဲ့ Features 7ခုကို ရှင်းပြပေးထားပါတယ်...
June 24, 2024 by
What is the inventory reporting menu?
Sarep Dee Sar Aung


Inventory Reporting Menu

Reporting ကို အကျဥ်းချုပ်​ ပြောရရင် ကိုယ့်ရဲ့ Inventory နဲ့ဆိုင်တဲ့ လုပ်​ဆောင်ချက်​​ အမျိုးမျိုးကို ကြည့်လို့ရတဲ့​ နေရာဖြစ်ပါတယ်။ ဒါ့အပြင် Stock Adjust ပြုလုပ်ဖို့ လိုအပ်ရင်လဲ Report ကနေတဆင့် အလွယ်တကူ ပြုလုပ်နိုင်တဲ့အတွက် Inventory မှာ Tracking လုပ်ဖို့နဲ့ Manage လုပ်ဖို့အတွက် အ​ရေးပါတဲ့ Menu အဖြစ် သတ်မှတ်လို့ရပါတယ်။

Inventory Reporting Menu မှာ​

-Stock

-Locations

-Move History

-Move Analysis

-Valuation

-Inventory Aging

-Performance ဆိုတဲ့ Features 7ခု ပါဝင်ပါတယ်။

Stock

Inventory Module ရဲ့  အ​ဓိက အကျဆုံးဖြစ်တဲ့ Stock​  တွေနဲ့ Details ​တွေကို Real Time အလိုက် ကြည့်နိုင်ပြီး Stock Maintenance လုပ်ဖို့ အတွက် အ​ထောက်အကူပြုပါတယ်။

Location

Warehouse ထဲမှာရှိတဲ့ Location ​တွေအလိုက် Stock ​တွေကို ပြသ​ပေးပါတယ်။ ဒီအချက်က Orders ​တွေကို အနီးဆုံး Location မှ ပို့​ပေးနိုင်မှာ ဖြစ်ပြီး Time & Cost Save ဖြစ်​စေပါတယ်။

Move History

Move History မှာ​တော့ Stock ​တွေ ဘယ်​နေရာက​နေ ဘယ်​နေရာကို ​ဘယ်​လောက်ပမာဏရွှေ့တယ် ဆိုတဲ့ Transition  Records ​တွေကို Date​ တွေနဲ့တကွ Detail ကြည့်လို့ ရပါတယ်။ ဒါ​ကြောင့် အမှား​တွေရှိရင် ပြန်ပြင်ဖို့ ဒီ​နေရာမှာ Tracking လုပ်နိုင်ပါတယ်။

Move Analysis

Move Analysis မှာ​တော့ Transition Records ​​တွေကို Pivot View နဲ့ ကိုယ်ကြိုက်သလို တွဲကြည့်နိုင်ပြီး လိုအပ်တဲ့ Excel File တွေကိုပါ အလွယ်တကူ ထုတ်ကြည့်လို့ရပါတယ်။Transition အများကြီး ကို တခါတည်း ခြုံငုံကြည့်နိုင်တဲ့အတွက် Tracking လိုက်ဖို့ လွယ်ကူပြီး Decision Making ​တွေ လုပ်ဖို့ ပိုမိုအဆင်​ပြေ​စေမှာ ဖြစ်ပါတယ်။

Valuation

Valuation မှာ​တော့ ကိုယ် Sales or Purchase လုပ်ခဲ့တဲ့ Stock​ Quantity တွေနဲ့ သူတို့ရဲ့ Total Value​ တွေကို ကြည့်နိုင်ပါတယ်။ ကိုယ် Stock တွေကို ဘယ်​လောက်ထပ်ဖြည့်ထားလဲ,ဘယ်​လောက်​ရောင်းထားလဲဆိုတာကို ​Total Stock Value နဲ့ တွဲကြည့်နိုင်တဲ့​ နေရာဖြစ်ပြီး Financial ပိုင်း Tracking လုပ်ဖို့အတွက် အ​ထောက်အကူ ​ပေးပါတယ်။

Inventory Aging

Inventory Aging မှာ​တော့ Stock ​တွေကို စ​ရောက်တဲ့​ နေ့​​အလိုက် မှတ်ထား​​ပေးပြီး ​နေ့​တွေအလိုက် လက်ကျန် Quantity ​တွေကို ကြည့်နိုင်ပါတယ်။ ဒါ​ကြောင့် ​ရောင်းအားမ​ကောင်းတဲ့ Product (ဒါမှမဟုတ်) Date ကုန်ခါနီး Product ​တွေကို သိနိုင်ပြီး Discount or Promotion လုပ်နိုင်မှာ ဖြစ်ပါတယ်။ အ​လေအလွင့်​ လျော့နည်း​စေမှာ ဖြစ်ပါတယ်။

Performance

Performance မှာ​တော့ ကိုယ့် Inventory ရဲ့ လုပ်​ဆောင်ချက်​​တွေကို Overall ခြုံငုံကြည့်နိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့် Business စီမံခန့်ခွဲမှု ထိ​ရောက်မှုရှိ/မရှိကို Tracking လုပ်နိုင်မှာ ဖြစ်ပါတယ်။

အခု Sharing လုပ်​ပေးသွားတာက​တော့ Inventory Reporting Menu မှာ ပါဝင်တဲ့ Features ​​တွေ အ​ကြောင်း ​ဖြစ်ပါတယ် ဗျ…. နောက်အပတ်​တွေမှာလည်း Inventory Configuration Menu ကို Submenu ​လေး​တွေအလိုက်ခွဲပြီး Sharing လုပ်​ပေးသွားမှာဖြစ်လို့ ​စောင့်ကြည့်ဖို့မ​မေ့နဲ့​နော်…..

အားလုံးပဲ ​နောက် Knowledge Sharing Section ​လေး​တွေမှာ ပြန်​တွေ့ကြရ​အောင်...

Aung Yell Kyaw

What is the inventory reporting menu?
Sarep Dee Sar Aung June 24, 2024
Share this post
Archive